ဘိုကလေးမြို့နယ်တွင် ငါးမြစ်ချင်းများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

ဘိုကလေး ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးတောင်သူများ ပူးပေါင်း၍ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ ယနေ့နံနက်(၈)နာရီအချိန်၌ ဘိုကလေးမြို့မဈေးကြီးတွင် ငါးမြစ်ချင်းများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

ရောင်းချပေးရာတွင် ဈေးကွက်အတွင်း၌ တစ်ပိဿာလျှင် (၆၅၀၀)ကျပ်တန်ဖိုးရှိသည့် ငါးမြစ်ချင်းပိဿာချိန်(၂၅)ပိဿာအား တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်းနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ဆွေနှင့် ဝန်ထမ်းများ၊ ငါးမွေးတောင်သူများ၏ ငါးရောင်းချပေးနေမှုများ၊ ပြည်သူများက တပျော်တစ်ပါး ဝယ်ယူနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုးစက်