မိုးညိုမြို့နယ်၌ သဘာဝ‌ဘေးဖြစ်‌ပေါ်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့ထားရှိ

မိုးညို ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ရေကြီးရေလျှံမှုများအပါအဝင် အခြားသဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့ကို လူ၊ ယာဉ်၊ စက်ကိရိယာများဖြင့် အရန်သင့်စုဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ထိုသို့ စုဖွဲ့ထားရှိခြင်းသည် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် သဘာ‌ဝဘေးဖြစ်ပေါ်လာပါက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုအား လျှော့ချနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ‌ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအမျိုးအစားအလိုက် တပ်စုအဖွဲ့များ လေ့ကျင့်ခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေးနှိုး‌ဆော်ခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကာကွယ်စောင့်ရှောက်ကူညီပေးနိုင်ရေးအတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများဖြစ်သည့် ယာဉ်၊ စက်ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း အသင့်စုဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်‌ဇော်ထံမှ သိရသည်။

ကိုမင်း (ပြန်/ဆက်)