မင်းလှ ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများအသိပညာဗသုသုတများတိုးပွားလာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က ထောက်ကြန့်ကွင်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က ကျောင်းသား/သူများအား စာဖတ်စေခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများကိုပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်ဇင်မာဝင်းက ကျောင်းသား/သူလေးများကို ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား/ သူလေးများအား သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ရှုစေခြင်းအပြင် လူကုန်ကူးမှုနှင့်သဘာဝဘေးအန္တရာယ်သိကောင်းစရာ၊ ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးစသည့် နံရံကပ်စာစောင်များပြသခြင်းတို့ဆောင်ရွက်ခဲ့သည်။
အလားတူနေ့လယ်ပိုင်းတွင် အ.မ.က ဂွေးတောက်ကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)