စေတုတ္တရာမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာအလွတ်‌ရေးပြိုင်ပွဲများ ကျင်းပ

စေတုတ္တရာ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄၂၀၂၅ ပညာသင်နှစ်တွင် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာအလွတ်‌ရေးပြိုင်ပွဲများကို အခြေခံပညာအထက်တန်း‌ကျောင်း (စေတုတ္တရာ) တွင် ယ‌န့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာအလွတ်‌ရေးပြိုင်ပွဲများအား အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၄) ဦးနှင့် အလယ်တန်းဆင့် ကျောင််းသား/ကျောင်းသူ(၈၅)ဦးစုစုပေါင်း၁၁၉ဦးဖြေဆိုခဲ့ကြရာအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသိန်း​ဇော်နှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား/သူများပါဝင်ယာဉ်ပြိုင်ရာတွင်" လေးမြတ်ဂုဏ်ရည်အာဇာနည်" စာစီစာကုံးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာအား" အစဉ်ပွင့်လန်းဇာနည်ပန်း"ခေါင်းစဉ်ဖြင့်ပြိုင်ပွဲများကျင်းပခဲ့သည်။

(၇၇) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဖြင့် စာစီစာကုံး၊ ကဗျာအလွတ်ရေးပြိုင်ပွဲ ဆုရကျောင်းသား/သူများအား တစ်နှစ်တာပညာရေးစုံညီပွဲတော်တွင်ဆုများ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)