ပန်းတောင်း ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့ နေ့လယ်က အ.ထ.က(ပန်းတောင်း)ကျောင်းမှ ကျောင်းသား/သူလေးများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုလေ့လာခဲ့ကြသည်။
ပန်းတောင်းမြို့နယ်၌ ပြည်သူ့စာကြည့်ကို အသိပညာဗဟုသုတရှာဖွေစုဆောင်ရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိပြီး သုတ/ရသစာအုပ်များ၊ ပုံပြင်များ၊ တေဇ၊ ရွှေသွေး၊ တိုင်းရင်းသားရိုးရာရုပ်ပြပုံပြင်များ၊ ဉာဏ်စမ်းပဟေဠိ စာအုပ်များကလေးများအကြိုက် ရုပ်ပြကာတွန်းများစသည့် စာအုပ်စာစောင်များလာရောက်ဖတ်ရှုငှားရမ်းနိုင်သည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများနှင့် Talk Show အစီအစဉ်များကိုလည်းကောင်း၊ ကလေးစာဖတ်ခန်းတွင် ကလေးများအကြိုက် ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာဖတ်စွမ်းရည်စသည့် ပြိုင်ပွဲများကိုလစဥ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)