ကျုံပျော် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်၍ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယနေ့ကကျုံပျော်မြို့၊ ပင်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာ၊ ကျုံပျော်မြို့နယ်ဦးစီးမှူး ဦးသန်းစိုးအောင်နှင့် ဝန်ထမ်းများက ပြည်သူများအား နိုင်ငံသားကတ်အသစ်ပြုလုပ်ခြင်းကို နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်း၊ Biometric Data ကောက်ယူ၍ (UID) နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများအား သတ်မှတ်ချက်နှင့်အညီ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ပြီး အသက် (၁၆-၁၈)နှစ် ကြား နိုင်-၃(က) (၂၅)ဦးနှင့်၊ အသက် (၁၈)နှစ် အထက် နိုင်-၆(က)(၁၅)ဦး စုစုပေါင်း (၄၀)ဦး တို့အား ဆောင်ရွက်ပေးခဲ့ပြီး မှတ်ပုံတင် ကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)