ငပုတောမြို့နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈ ဘီလီယံ စီမံကိန်းအထောက်အပံ့ဖြင့် မိုးစပါးပေါ်ဆန်းရင် မျိုးသန့်ထုတ်စိုက်ပျိုးမှုအား မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေး

ငပုဝောာ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်နှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ငပုတောမြို့နယ် ဖျန်ရေကျော် ကျေးရွာတကွင်းအမှတ်(၁၃၇၂)(က) ဦးပိုင်အမှတ်(၁၈/၄+၄၃/၃) တောင်သူဦးတင်ထွန်း၏ လယ်မြေတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီလီယံ စီမံကိန်းအထောက်အပံ့ဖြင့် မိုးစပါးပေါ်ဆန်းရင်(၄)ဧက မျိုးသန့်ထုတ်စိုက်ပျိုးနေမှုနှင့် သက္ကယ်ချောင်းကျေးရွာ ကွင်းအမှတ်(၁၃၆၆)(ဘီ)ဦးပိုင်(၁၂/၃) တောင်သူဦးအောင်ကျော်စိုး လယ်မြေ(၃)ဧက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈)ဘီလီယံ စီမံကိန်းအထောက်အပံ့ဖြင့် မိုးစပါးပေါ်ဆန်းရင် မျိုးသန့်ထုတ် စိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌက ပျိုးပင်များစနစ်တကျ ရှင်သန်ကြီးထွားစေရေး၊ ပိုးမွှားအန္တရာယ်ကင်းဝေးစေရေးနှင့် အပင်အတွက်လိုအပ်သည့် သွင်းအားစုများအား သတ်မှတ်စံညွှန်းများနှင့်အညီ ထည့်သွင်းအသုံးပြုစိုက်ပျိုးနိုင်ရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)