ဇီးကုန်း ဇူလိုင် ၉
ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက မှော်ရအုပ်စု၊ ထန်းတပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက (၇၇) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းများ၊ နေ့ထူးနေ့မြတ်များအကြောင်းကို ဟောပြောဆွေးနွေးပြီး၊ ဒုတိယဦးစီးမှုး ဒေါ်ရီရီမြင့်က စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်းများဆောင်ရွက်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူလူငယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အာဇာနည်နေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေးရောဂါကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် သက်ငယ်မုဒိန်းမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)