ပိုင်ကျုံမြို့ အ-မ-က ပိုင်ကျုံ-မြန်မာစုကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်

ပိုင်ကျုံ ဇူလိုင် ၉

ကရင်ပြည်နယ်ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် () နာရီအချိန်က အ-မ-က ပိုင်ကျုံ-မြန်မာစုတွင် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ကို ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/သူများ သိသင့်သိထိုက်သည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ကျောင်းသားလူငယ်များ အတုယူစရာကောင်းသည့် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်အပေါ်ထားရှိသည့်စိတ်ဓာတ်နှင့် လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ပုံများကျောင်းသားလူငယ်များအနေဖြင့် မိဘဆရာ/မများကို ရိုသေလေးစားပြီး မိမိရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် ကြိုးစားဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်

ဆက်လက်ပြီး ကျောင်းသားလူငယ်များအား ဉာဏဖွံ့ဖြိုးရေးအတွက် ဉာဏ်စမ်းများနှင့် စာဖတ်ခြင်းများကို တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများကိုလည်း ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)