လပွတ္တာ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်(၁၀) နာရီက လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရွေးနဒီခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာလပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသီတာအောင်မှ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်ပြီး လပွတ္တာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးမှ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဈေးတာဝန်ခံများက ရပ်ကွက်/ကျေးရွာများနှင့် ဈေးများတွင် ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
မူမူ