လဟယ်မြို့တွင် လူသုံးကုန်၊ ယိုဖျော်ရည်နှင့် Bakery အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

လဟယ် ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်၏သော လူသုံးကုန်၊ ယိုဖျော်ရည်နှင့် Bakery အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန် လဟယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

ဦးစွာနာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်အနက် စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြင့်တင်ရေးဟူသော ဦးတည်ချက်နှင့်အညီ တန်ဖိုးမြှင့်စားသောက်ကုန် နည်းပညာသင်တန်း(၂)ခုနှင့်၊ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို နာဂဒေသ၊ လဟယ်မြို့တွင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန၊ ဒေသဦးစီးမှူးရုံးတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ဤသင်တန်းသည်ဒေသနှင့် ကိုက်ညီသော တန်ဖိုးမြှင့်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန်အတွက် တစ်နိုင်တစ်ပိုင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်ပြီး ဖွင့်ပေးခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက်အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန ဒေသတာဝန်ခံ ဦးစိုင်းညီညီထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။

အဆိုပါသင်တန်းကို စာတွေ့၊ လက်တွေ့သင်တန်းသား/သူ(၂၅)ဦးကို သင်ခန်းစာများ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ(၁၀)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ပြီးသင်တန်း၌ထူးချွန်၍ လုပ်ငန်းထူထောင်လိုလျင်လည်း သင်တန်းတစ်ခုစီအတွက် သင်တန်းသား(၂)ဦးစီကို၊ တစ်ဦးလျှင် ငွေကျပ်(၂)သိန်းနှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီးကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူများ တက်ရောက်ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)