သဲကုန်း ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဦးရေကိန်းဂဏန်းဆိုင်ရာအချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဘာသာရပ်များဆွေးနွေးရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဲကုန်းမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးယဥ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး သဲကုန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုင်းဝင်းသိန်းဦးက သန်းခေါင်စာရင်းကောက်ယူရခြင်းရည်ရွယ်ချက်၊ သန်းခေါင်းစာရင်း၏ အသုံးဝင်မှု၊ တစ်နိုင်ငံအတိုင်းအတာဖြင့် သန်းခေါင်းစာရင်းကောက်ယူခဲ့မှုအခြေအနေများ၊ စာရင်းစစ်စာရင်းကောက်တာဝန်ယူမည့်သူများ သင်တန်းပို့ချမည့် နည်းလမ်းဥပဒေနှင့်တားမြစ်ချက်များ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ကောက်မတီအဆင့်ဆင့်ဖွဲ့စည်းမှု၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့်အချက်များ၊ သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ၊ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားကို သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)