ပေါင်းတည် ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်ဦးစီးအရာရှိဦးဇော်ဝင်း ဦးဆောင်ကြီးကြပ်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် အုတ်ဖို(၂)ရပ်ကွက်ရုံး၌ ရပ်ကွက်နေပြည်သူများအတွက် နံနက် ၉ နာရီမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ရပ်ကွက်နေဒေသခံမိဘပြည်သူများနှင့် မိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းကို သတ်မှတ်ရက်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အချက်အလက်ကောက်ယူပြီးသူများ၏ Biographic Data ၊ Biometric Data များကို Database တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)