ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပေါင်းတည် ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အုပ်ဖိုရပ်ကွက်၊ ရှမ်းစုလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အိမ်ယာဝင်း၌ကျင်းပကြသည်။

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်လှိုင်အား မြို့နယ်သစ်တောဦးစီးမှူး ဦးဗန်လာအဲငါက သစ်မျိုးစုံ ပျိုးပင်များပေးအပ်သည်။

ထို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသော အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့နှင့် ပူးပေါင်းကာ ရတနာတန်းဝင်ကျွန်းနှင့် ကံ့ကော်၊ သပြေ၊ မန်ဂျာရှား၊ ပိတောက်၊ စိန်ပန်းသစ်မျိုးစုံ အပင် ၅၀၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ရွှေသား(ပြန်/ဆက်)