တောင်ငူမြို့၊ အုတ်ကျွတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

တောင်ငူ ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ အုတ်ကျွတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက  လူငယ်နှင့်စာပေ၊  မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တို့ကို အသိပညာဟောပြောဆွေးနွေးပြီး  အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၀၀)ဦးခန့်က ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်း၊ ကလေးငယ်များအား စာဖတ်သည့် အလေ့အထများရရှိစေရန် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းဆောင်ရွက်ပြီး ကျောင်းသားကျောင်းသူများက စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)