ထားဝယ်မြို့တွင် (၁၀၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ

ထားဝယ်     ဇူလိုင်   ၆

(၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးထွန်းက အဖွင့်အမှာစကားပြောကြားပြီး သမဝါယမဥပဒေနည်းဥပဒေနှင့် သမဝါယမပညာ ပြန့်ပွားရေးဆိုင်ရာ ဗဟုသုတမေးခွန်းများဆန်းစစ်ခြင်း၊  စာမေးပွဲရေးဖြေ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော တိုင်းဒေသကြီး/ထားဝယ်/လောင်းလုံးမြို့နယ် ဝန်ထမ်းများအားများ ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက်သမဝါမအသင်းစုမှ အမှုဆောင်များနှင့် ဒါရိုက်တာများ၊ ထားဝယ်ခရိုင်(၄)မြို့နယ်မှ ဦးစီးအရာရှိများနှင့်ဝန်ထမ်းများ၊ အသင်းစုဥက္ကဋ္ဌများနှင့် ဆုရရှိသူများတို့က ခင်းကျင်းပြသထားသော တိုင်းဒေသကြီးအတွင်း သမဝါယမလှုပ်ရှားမှု ဓာတ်ပုံများအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး သမဝါယမအခြေခံစားကုန်အရောင်းဆိုင်မှ ဈေးနှုန်းသက်သာစွာရောင်းချနေသော ပစ္စည်းများအား ဝယ်ယူအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)