ဟုမ္မလင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် ရေနစ်မြုပ်လျက်ရှိသည့် ကျေးရွာများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ဟုမ္မလင်း ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် ရေနစ်မြုပ်လျက်ရှိသည့် ဟုမ္မလင်းမြို့နယ်၊ ဂွေးတောက်ကုန်းကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ၊ သဝန်ဖားနိုင်းကျေးရွာသို ဇူလိုင် (၅) ရက်နေ့တွင် အဆိုပါကျေးရွာသို့ ကွင်းဆင်း၍ ရေဘေးကယ်ဆယ်ရေများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကျေးရွာများသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူးဗိုလ်မှူးကြီး မြတ်မင်းသန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဇော်လင်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး သန်းဌေးဟုမ္မလင်းမြို့နယ်မှ တပ်မတော်သားများအမှတ်(၁၉/၁၀၀)တပ်မတော်မှ ဆရာဝန်များနှင့်တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများသွားရောက် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)