မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန် “ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ MSME လုပ်ငန်းများအား အသိပညာမျှဝေခြင်း အခမ်းအနားတက်ရောက်

မကွေး ဇူလိုင် ၅

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ MSME လုပ်ငန်းများအား အသိပညာမျှဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးမြို့ရှိထိန်ထိန်သာဟိုတယ်၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများစားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ တည်းခိုရိပ်သာများမှ စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်စေရန် အသိပညာမျှဝေခြင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် အဆောက်အဦနှင့်ပစ္စည်းများပျက်စီးဆုံးရှုံးမှုများလျော့နည်းစေရန် လိုက်နာဆောင်ရွက်ရမည့် အစီအမံများမျှဝေခြင်း၊ အစားအသောက်များကောင်းမွန်စေရေးနှင့် ရောင်းချသည့်အစားအစာများ အာဟာရဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများဖြစ်စေရေးနှင့်ပတ်သက်၍ အသိပညာမျှဝေခြင်းနှင့် ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ်(Guest List Management-GLMS) စနစ်အသုံးပြုခြင်း အသိပညာမျှဝေခြင်း(Knowledge Sharing)အစီအစဉ်ကိုဆောင်ရွက်ခြင်းဟာ ဒေသလိုအပ်ချက်နှင့်ဒေသဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် ပြည်တွင်းခရီးသွားလာမှု များပြားသည့်အတွက် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်ကိုသုံးစွဲခြင်းဖြင့် လွယ်ကူသက်သာစေမှာဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများမှလည်း GLMS စနစ်ကို အသုံးပြု၍ လွယ်ကူသေချာစေရန် ဝိုင်းဝန်းအကြံပြု၍ ပုံမှန်စနစ်တကျ အသုံးပြုစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)၊ ဒုတိယဥက္ကဋ္ဌက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်မှုနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရန် အလှူငွေကျပ်(၃)သိန်းကိုလှူဒါန်းရာ မကွေးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လက်ခံရယူသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ MSME လုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)