ကန်ကြီးထောင့် ဇူလိုင် ၅
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ထောက်ကူလျှပ်စစ်အင်ဂျင်နီယာချုပ်နှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်ကြည့်ရှုရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ထောက်ကူ လျှပ်စစ်အင်ဂျင်နီယာချုပ် ဦးခင်ဌေးနှင့် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာများအဖွဲ့မှ ကန်ကြီးထောင့်မြို့နယ်အတွင်း မီတာပိုဖတ် လိုဖတ်မရှိစေရေး မီတာများကွင်းဆင်းဖတ်ရှုခြင်း၊ အိမ်ရှင်များထံမှ ဖတ်ချက်များ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရယူခြင်း စသည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းဦးပိုင်က လိုက်လံရှင်းလင်းပြသခဲ့ပြီး နေပြည်တော်ထောက်ကူ လျှပ်စစ်အင်ဂျင်နီယာချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ထောက်ကူလျှပ်စစ်အင်ဂျင်နီယာချုပ်နှင့် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာများအဖွဲ့သည် ထိုသို့လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလက်ကမ်းစာဆောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)