ဟင်္သာတ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့ရှိ လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းခန်းမ၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းကျောင်း မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချမ်းငြိမ်းသူက သင်တန်းဆင်းအစီရင်ခံစာအား ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးနေမျိုးထွန်းက သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက သင်တန်းသူများကိုယ်စားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူ ကသ-၄ ဒေါ်ရွှေခိုင်စိုးအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နည်းပြသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း(၃၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၂)ရက်ကြာ စာတွေ့လက်တွေ့ ပို့ချခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)