တောင်ငူ ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ ငွေလှံ-အိုးကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက လူငယ်နှင့်စာပေ၊ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် မူးယစ်ဆေးဝါး အန္တရာယ်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးပြီး အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၀၀)ဦးခန့်က ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား အသိပညာ ဗဟုသုတ ရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောပြခြင်း၊ ကလေးငယ်များအား စာဖတ်သည့် အလေ့အထများ ရရှိစေရန် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း ဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူများက စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)