မကွေးတက္ကသိုလ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေး ဇူလိုင်

မကွေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို  ယ‌နေ့နံနက် ၁၀ နာရီက မကွေးတက္ကသိုလ်ရှိ စာသင်ခန်းမဆောင်သစ်၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းအောင်ထွေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့် အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း၊ အဂတိတိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မကွေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)