အုတ်တွင်း ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဂွေးတောက်ခင်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာတွင် ရော်ဘာပင်ကြား ရိုဘတ်စတာကော်ဖီများ စိုက်ပျိုးထားရှိမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရိုဘတ်စတာကော်ဖီစိုက်ပျိုးခြင်းအား အရည်အသွေးကောင်းသော ကော်ဖီထုတ်လုပ်ရေး သိပ္ပံနည်းကျစိုက်နည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးနှင့် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများအား သိရှိစေရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်း ရော်ဘာပင်ကြား ရိုဘတ်စတာကော်ဖီ စိုက်ဧက(၁၀)စိုက်ပျိုးထားရှိမှုအခြေအနေကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးတင့်ဆွေ၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သိန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးတင်ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်၊ ပဲခူးတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တောင်ငူခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)