ညောင်တုန်း ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အရှေ့ပိုင်းအခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အရှေ့ပိုင်းအခြေခံပညာမူလတန်းကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းအရာများ စသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်သည့် အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ စာရေးဆရာမင်းဝေမှူးက ကျောင်းသား/ကျောင်းသူများ လိမ္မာယဉ်ကျေးစေရန်အတွက် ယဉ်ကျေးမှုအခြေခံများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စုစုခင်က အားကစားအဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ အားကစားသိပ္ပံကျောင်းတက်ရောက်မည့်သူများ၏ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာများ စသည့်အကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနယ်လှည့်နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်ပြပွဲနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)