မြို့သစ်မြို့နယ်တွင် ရေဘေးနှင့် မြေပြိုဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မြို့သစ် ဇူလိုင်  ၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီက ဆင်ဖြူချီကျေးရွာနှင့် မကြီးကုန်းလေးကျေးရွာများသို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ကျေးရွာများသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်နှင့်ပတ်သက်သည့် ပြည်သူများလိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို အသိပေးနှိုးဆော်ပြီး ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)