မုံရွာ ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်ရှိ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ပြည်တွင်းလုပ်သား ၂၀၀ ကျော်ဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် တစ်ရက်လျှင် ၂၁ ပိဿဝင်၊ ချည်အိတ် ၄၅ အိတ်ထုတ်လုပ်နိုင်သည့် အောင်စိန်ချည်မျှင်စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ချည်လုံး၊ ချည်ငင်၊ ချည်ကျစ်၊ ချည်ကတော့ထုတ် လုပ်မှုအဆင့်ဆင့်နှင့် ကုန်ကြမ်းသိုလှောင်ရုံတို့အား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထုတ်ကုန်များအား ပြည်တွင်းပြည်ပဈေးကွက်သို့ ဈေးနှုန်းမှန်ကန်သင့်တင့်စွာဖြင့် တင်ပို့ရောင်းချနိုင်ရေး၊ ကုန်ကြမ်းအဆင်ပြေစွာရရှိရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အားမှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ဝါကြိတ်စက် ၃ လုံးဖြင့် တစ်ရက်လျှင် ဝါပိဿချိန် ၄၅၀၀ ကြိတ်ခွဲထုတ်လုပ်နေသည့် မြင့်မိုရ်ဦးဝါကြိတ်စက်သို့ရောက်ရှိရာ စက်ရုံလုပ်ငန်းရှင်မှ ဝါကြိတ်ခွဲထုတ်ထုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စိန်ကြည်ဂျူံခေါက်ဆွဲစက်ရုံသို့ရောက်ရှိရာ စက်ရုံလုပ်ငန်းရှင်မှ ဂျုံခေါက်ဆွဲခြောက် အမျိုးမျိုးထုတ်လုပ်နေမှု၊ သိုလှောင်ထားရှိမှုနှင့် ထုတ်ပိုးနေမှုများများအား လုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပတ္တမြားရပ်ကွက်ရှိ ရွှေမန်းသန်းနိုင် စက်မှုလက်မှုသစ်သားစည်လုပ်ငန်းသို့ရောက်ရှိရာ သစ်သားစည်ထုတ်လုပ်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်