လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့်စွန့်ပစ်ပစ္စည်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

လိပ်သို ဇူလိုင် ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်များ၊ ဆိုးကျိုးများအကြောင်း၊ အမှိုက်များကိုစနစ်တကျစွန့်ပစ်ခြင်းဖြင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရှိစေရန် ယနေ့နံနက် ၉ နာရီအချိန်က မူးယစ်ဆေးဝါးနှင့်စွန့်ပစ်ပစ္စည်း အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အ.ထ.ကလိပ်သိုကျောင်းမှ ဒေါ်နော်ဒိုနီးရှာ(တာဝန်ခံကျောင်းအုပ်)က ကျောင်းသား/ကျောင်းသူများအား အမှာစကားပြောကြားပြီးနောက် ဒေါ်မြင့်မြင့်အေး(အလယ်တန်းပြ)က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသာဆေးဝါးများအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်းကိုလည်းကောင်း၊ ဒေါ်နန်းခင်စုလှိုင်(အလယ်တန်းပြ)က စွန့်ပစ်ပစ္စည်းများကြောင့် မြေထု၊ လေထု၊ ရေထုများပါ ညစ်ညမ်းစေနိုင်ကြောင်း၊ အမှိုက်များကို စနစ်တကျစီမံခန့်ခွဲဆောင်ရွက်၍ ကုန်ကြမ်းပစ္စည်းများအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက်များစွာအထောက်အကူပြုကြောင်းစသည့် အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)