အ-ထ-ကပိုင်ကျုံကျောင်း၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် မိဘဆရာအသင်း အလုပ်မှုဆောင်အဖွဲ့ ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကျင်းပ

ပိုင်ကျုံ  ဇူလိုင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ-ထ-ကကျောင်း၌  ကျောင်း၏လုပ်ငန်းဆောင်တာများ၊ ကျောင်း၏ဝေယျာဝစ္စများနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂-၂၀၂၅ပညာသင်နှစ် မိဘဆရာအသင်း အလုပ်မှုဆောင်အဖွဲ့ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ-ထ-ကကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘဆရာအသင်း အလုပ်မှုဆောင်အဖွဲ့ရွေးချယ်တင်မြောက်ခြင်းအစီအစဉ်နှင့် ကျောင်း၏သန့်ရှင်းသာယာလှပရေးနှင့်လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီးနောက် ၂၀၂-၂၀၂ပညာသင်နှစ်တွင် ခန့်အပ်ထားသည့် မိဘဆရာအသင်းအလုပ်မှုဆောင်အဖွဲ့များကို ပယ်ဖျက်ပြီး ၂၀၂-၂၀၂ ပညာသင်နှစ်တွင် အ-ထ-ကပိုင်ကျုံကျောင်းမှ တက်ရောက်ပညာသင်ယူနေသည့် ရပ်ကွက်/ကျေးရွာအသီးသီးမှ ကျောင်းသားမိဘများတို့မှ ကျောင်း၏လုပ်ငန်းဆောင်တာများတွင် အားတက်သရောပါဝင်‌ဆောင်ရွက်နိုင်သူများကို မိဘဆရာအသင်းအလုပ်မှု‌ဆောင်အဖွဲ့အဖြစ် ရွေးချယ်တင်မြောက်ခဲ့ကြောင်း၊ ဆက်လက်၍ မိဘဆရာအသင်း အလုပ်မှုဆောင်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရသည့် ဦးစောအယ်ခရစ်မှ ရွေးခယ်ခံရသူများအားလုံး ကျောင်း၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ကျောင်းသားမိဘများအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အ-ထ-ကပိုင်ကျုံကျောင်းတွင် ၂၀၂-၂၀၂ပညာသင်နှစ်တွင် ကျောင်းသား/သူ(၀၀)ကျော်သာ တက်ရောက်ပညာသင်ယူခဲ့ပြီး ၂၀၂-၂၀၂ပညာသင်နှစ်တွင်  (၀၀)ကျော် တက်ရောက်ပညာသင်ယူခဲ့ကြောင်း သိရ သည်။

နော်ခူး(ပြန်/ဆက်)