အင်္ဂပူ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲကို ယမန်နေ့ ညနေပိုင်းက မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ ပြုလုပ်ခဲ့သည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ရွှေတောင်စုကျေးရွာရှိ တောင်သူ ဒေါ်ခင်မြင့်၏ ကွင်းအမှတ် ၇၅၈ (က)၊ ဦးပိုင် (၂၃၂)၊ ဧရိယာ (၂) ဧကတွင်ပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များက ကြည့်ရှုအားပေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရပိုမို ကောင်းမွန်စေကြောင်း၊ သီးနှံများအထွက်နှုန်း တိုးစေကြောင်းနှင့် ကုန်ကျစရိတ်နည်းစေကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက တောင်သူများအား ဆင်းသုခ မျိုးစပါးများ ပေးအပ်ခဲ့သည်။
ထို့နောက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနေမှုကို ရွှေတောင်စုကျေးရွာရှိ တောင်သူ ဦးသန်းထိုက်၏ ကွင်းအမှတ် ၇၅၈ (က)၊ ဦးပိုင် (၂၄၃)၊ ဧရိယာ(၁)ဧကတွင်ပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်က မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များက ကြည့်ရှုအားပေးသည်။
အဆိုပါသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)