မိုးညိုမြို့နယ်၌ လေဘေးသင့်‌နေအိမ်မှ မိသားစုအား‌ ကျေးရွာအရောက် သွားရောက်ထောက်ပံ့

မိုးညို ဇူလိုင် ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ရုံးမှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာရှိ လေဘေးသင့်‌နေအိမ်မှ မိသားစုအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးရွာအရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဇူလိုင်လ ၂ ရက်နေ့တွင် ဆင်ကျွန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ( ၅၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၄၂၀၀/-) ကျပ်အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ စာရေးဝန်ထမ်းတို့နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာသို့ သွားရောက်၍ လေဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)