ရေတာရှည်မြို့နယ်၌ ရိုဘက်စတာ ကော်ဖီပျိုးပင်များအား စိုက်ပျိုးမည့် တောင်သူများထံ အခမဲ့ ပေးအပ်

ရေတာရှည် ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ ဂုန်မင်းကွင်းကျေးရွာအုပ်စု (၆/၀)မိုင်ရှိ စိုင်းရဘိနယ်၊ စိုင်းရပျိုးဥယျာဥ်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် တာဝန်ရှိသူများက ကော်ဖီစိုက်တောင်သူများထံ ကော်ဖီပျိုးပင်များ အခမဲ့ဖြန့်ဝေပေးသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနေလင်းဇော်၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးထက်လင်းနှင့် တာဝန်ရှိသူများက သာဂရမြို့ (၆) မိုင်ကျေးရွာရှိ ရိုဘက်စတာကော်ဖီပင်စိုက်ပျိုးမည့် လုပ်ငန်းရှင် တောင်သူများထံ ရိုဘက်စတာကော်ဖီပျိုးပင် (၁၀၀၀) ပင်အား အခမဲ့ပေးအပ်ပြီး ပျိုးပင်များ စိုက်ပျိုးမည့်နေရာ ကြည့်ရှူခြင်းနှင့် စိုက်နည်းစနစ်မှန်ကန်ရေးအတွက် လက်တွေ့စိုက်ပျိုးခဲ့ကြသည်။

ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ်အတွင်း ရိုဘက်စတာကော်ဖီပင်စိုက်ပျိုးရန်အတွက် လျာထားဧက ၃၇ ဧက ရှိရာ ၄င်းဧကအတွက် စိုက်ပျိုးနိုင်ရန် ရိုဘက်စတာကော်ဖီပျိုးပင်များအား လုပ်ငန်းရှင် တောင်သူ (၁၇) ဦးထံ ပျိုးပင်များ ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)