အုတ်တွင်း ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စျေးရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးမော် ဦးဆောင်၍ကျန်းမာရေး ဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်တိုင်းခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ စသည့်ငါးမျိုးစပ်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၃ ရက်မှ ဇူလိုင် ၄ ရက်နေ့ထိ မြို့နယ်မိခင်နှင့်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်အေးအေးမော်ထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)