ပိုင်ကျုံ ဇူလိုင် ၃
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့်မြို့သာယာလှပရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိပြီး ပိုင်ကျုံမြို့ အမှတ်(၄) ရပ်ကွက်ရှိ အောင်မင်္ဂလာလမ်းအား ဇွန်လအတွင်း၌ လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂ ရက်တွင် ၉၅ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည် (၄၇၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၁၉.၉၉၀)သန်းဖြင့် လုပ်ငန်းများ သတ်မှတ်၀အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာပြီးစီးရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့အမှတ်(၄)ရပ်ကွက်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ရန်ပုံငွေဖြင့် လမ်း (၃) လမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)