စလင်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

စလင်း ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီက ဝက်သီးကန်သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း တမာချောင်ကျေးရွာအရှေ့ဘက်ရှိ ကန်ချောင်ကုန်းအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းဇော်တို့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများထံ ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအသီးသီးတို့မှဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ တမာချောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်က ယင်းမာပင်(၂၀၀)၊ ယူကလစ်ပင်(၂၀၀)၊ တမာပင်(၂၀၀)၊ စုစုပေါင်း ပျိုးပင်(၆၀၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကာ သစ်တောဦးစီးဌာနမှ ဆီထမင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မောင်လွင်

မြို့နယ် (ပြန်/ဆက်)