ရွှေသောင်ယံ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်မျာအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကိုယ်ဝန်ဆောင်မိခင်များ အစာအဟာရနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက် လှုပ်ရှားမှုများရှိစေရန် အသိပညာပေးဟောပြောခြင်း၊ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးအန္တရာယ်အကြောင်း၊ “သက်ရှည်ကျန်းမာဖို့ စားသုံးဆီကိုတတ်နိုင်သမျှ လျှော့စားစို့၊ သတိပြုပါ အချိုမှုန့်အန္တရာယ်၊ သတိပြုကာကွယ် မြွေဆိုးအန္တရာယ်၊ ဆေးလိပ်ဖြတ်ရင် ဘာအကျိုးကျေးဇူးတွေရမလဲ၊ နေ့စဉ်ဘဝတွင် ပုံမှန်စားသုံးသင့်သည့် ထမင်းတစ်ပန်းကန်စာနမူနာ၊ ဝက်သက်ရောဂါပပျောက်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်၊ ပိုလီယိုကင်းစင် မြန်ပြည်တစ်ခွင်” စသည့်ခေါင်းစဉ်များဖြင့် ပြည်သူများကျန်းမာရေးအသိပညာများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)