တာမိုးညဲမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့်ထုတ်ပြန်

တာမိုးညဲ         နိုဝင်ဘာ    ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ညမထွက်ရ ရုံးအမိန့်အမှတ် ၁၅/၂၀၂၀ကို ထုတ်ပြန် ထားကြောင်းသိရသည်။

အမိန့် ထုတ်ပြန်ချက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် တာဝန် ရှိသူများ၊ လူနာများမှအပ မည်သူမျှခွင့်ပြုချက်မရှိဘဲ ည (၁၂) နာရီမှ နံနက် ()နာရီ အတွင်း နေအိမ်ပြင်ပသို့  ထွက်ခွာခြင်း၊  စုဝေးခြင်းများမပြုရန်၊ အများပြည်သူ့အကျိုးအတွက် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်သဖြင့် ပြည်သူများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ အကယ်၍  အရေးကြီးကိစ္စရှိပါက  သက်ဆိုင်ရာ တာဝန်ရှိသူများ၏   ခွင့်ပြုချက်ကို  ရယူရမည်ဖြစ်သည်။ ထိုအမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ()လ အတည် ဖြစ်ကြောင်း သိရသည်။

ညမထွက်ရ အမိန့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်အတွက် နိုဝင်ဘာလ(၁၅) ရက်နေ့  ညနေ()နာရီ  အချိန်တွင် တာမိုးညဲ မြို့ပေါ်ရပ်ကွက်များသို့  အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး ကြေညာခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်  ဖြူစင်မေတ္တာ  နာရေးကူညီမှုအသင်းတို့  ပူးပေါင်းပါဝင်   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးဌေးကြည်