တောင်ပေါ်ကုန်းကျေးရွာတွင် ကျေးရွာမြစိမ်းရောင် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

အင်္ဂပူ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ချင်းချောင်ကျေးရွာအုပ်စု၊ တောင်ပေါ်ကုန်းရွာ ဘုန်းကြီးကျောင်းတွင် ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြုလုပ်သည့် ကျေးရွာမြစိမ်းရောင်စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲစည်းခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေါ်နီလာရွှေ ဦးစီးအရာရှ်ိ (နည်းပညာ)မှ ၂၀၂၄-၂၀၂၅-ခု ဘဏ္ဍာနှစ်တွင် တောင်ပေါ်ကုန်းကျေးရွာတွင် ဆောင်ရွက်မည့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာကော်မတီများအား ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်နီလာရွှေ ဦးစီးအရာရှိ(နည်းပညာ)နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်‌ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)