ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီကြဲခင်းများ လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုး

ဖျာပုံ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး၊ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကျုံကူကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၇၇)၊ ဦးပိုင်အမှတ် (၂၃/၄) တောင်သူ ဦးမြင့်သိန်း၏ လယ်မြေတွင် ပေါ်ဆန်းရင် ဘေးကျားတောင်ပျံ မျိုးစေ့ချစိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ကြဲခင်းများ လျေ့ာနည်းပပျောက်ရေး၊ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးရာတွင် ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဝင်များ၊ ဖျာပုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဥမ္မာအေးနှင့် ဝန်ထမ်းများ၊ တောင်သူများပူးပေါင်း၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး၊ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကို ကျုံကူကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၇၇)၊ ဦးပိုင်အမှတ် (၂၃/၄)တောင်သူ ဦးမြင့်သိန်း၏ လယ်မြေတွင် ပေါ်ဆန်းရင် ဘေးကျားတောင်ပျံ မျိုးစေ့ချစိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်