ပန်းတနော်မြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ

ပန်းတနော် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်များပြသခြင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။       

ပန်းတနော်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များ ပြသခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ဗီနိုင်းပိုစတာများ ပြသဆောင်ရွက်ထားရှိရာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများက တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြတိုက်ငယ်များ ခင်းကျင်းပြသဆောင်ရွက်ထားရှိခြင်းနှင့် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရှိခြင်းနှင့် Online မှတဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)