ပန်းတောင်း ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှုးများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက လတ်တလောတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိပြီး မိမိတို့မြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ရေကြီးနစ်မြုပ်နိုင်သော ကျေးရွာစာရင်းများ ကြိုတင်ထားရှိနိုင်ရေး၊ ကယ်ဆယ်ရေးစခန်းများထားရှိနိုင်ရေး၊ လျှပ်စစ်ဓာတ်အားများမပြတ်တောက်စေရေး၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထားရှိနိုင်ရေး ကြိုတင်ညှိနှိုင်းစီစဉ်ထားရှိဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးတင်ပြချက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)