ကျိုက်လတ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပ

ကျိုက်လတ် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး  အတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈)နာရီက အမှတ်(၁)‌ အခြေခံပညာအထက်တန်းကျောင်း (မြစန္ဒီ)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်နှင့်အတွင်းရေးမှူး ရဲမှူးကျော်စိုးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် မြို့နယ်အဆင့်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်သွားကြရန် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးပူးပေါင်းကာ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ကြိုးစား ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထင်အောင်ကျော်နှင့် အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းအုပ် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်