ဘိုကလေးမြို့နယ်တွင် မိုးစပါးရာသီ ကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးရာသီ ကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲအခမ်းအနားအား ယနေ့နံနက် (၁၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သစ်ဖြူချောင်းကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ ဦးစန်းဝင်း၏ ကွင်းအမှတ်(၆၉၇)၊ ဦးပိုင်အမှတ်(၂၇) လယ်ယာမြေတွင် ကျင်းပဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ ဘိုကလေးမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး ယခင်သမားရိုးကျ ကြဲခင်းစနစ်ဖြင့် မျိုးစေ့ချမှုအစား တောင်သူများ Drum Seeder အသုံးပြု၍ လယ်ယာမြေ(၂)ဧက၌ မှော်ဘီ(၃)မျိုးစေ့ချမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် မိမိတို့ဒေသ စိုက်ပျိုးထုတ်လုပ်မှုနှင့် တိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေးကော်မတီဝင်များက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)