နတ်မောက် ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက န/ကျားထူးကျေးရွာ၊ ဘူတာကျေးရွာနှင့် ဘုန်းတော်ပြည့်ကျေးရွာသို့ လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိက ရေကြီးရေလျှံဖြစ်ပေါ်လာပါက လိုက်နာရမည့်အချက်များ၊ ရေကြီးရေလျှံမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မြန်မာနိုင်ငံအရပ်ရပ်တွင် နွေရာသီကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်၍ တိမ်များဖြစ်ထွန်းပြီးမွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်သည်။
အဆိုပါမိုးတိမ် တောင်များရွေ့ လျားရာနေရာ တစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့်နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များကို အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးပြီး လေဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာပြည်သူများအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း