စလင်း ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီက ဝက်သီးကန် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း တမာချောင်ကျေးရွာအရှေ့ဘက်ရှိ ကန်ချောင်ကုန်းအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းဇော်တို့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများထံ ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအသီးသီးတို့မှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ တမာချောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်တို့က ယင်းမာပင်(၂၀၀)၊ ယူကလစ်ပင်(၂၀၀)၊ တမာပင် (၂၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၆၀၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကာ သစ်တောဦးစီးဌာနမှ ဆီထမင်းများဖြင့်
ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
(မောင်လွင်)