စလင်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

စလင်း  ဇူလိုင်  ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့၌  ၂၀၄ ခုနှစ်ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့်  မြန်မာအမျိုးသမီးများနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဝက်သီးကန်သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း တမာချောင်ကျေးရွာအရှေ့ဘက်ရှိ ကန်ချောင်ကုန်းအနီးတွင်  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါမိုးရာသီ  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များ  မြို့နယ်သစ်တောဦးစီးဌာနမှ  ဦးစီးမှူး ဦးဝင်းဇော်တို့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများထံ ပျိုးပင်များပေးအပ်ခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအသီးသီးတို့မှ ဝန်ထမ်းများ၊မြို့နယ်အမျိုးသမီး ရေးရာ  အသင်းအဖွဲ့ဝင်များ  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ တမာချောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်တို့က ယင်းမာပင်(၂၀၀)၊ ယူကလစ်ပင်(၂၀၀)၊တမာပင် (၂၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၆၀၀)တို့အား  စုပေါင်းစိုက်ပျိုးခဲ့ကြကာ  သစ်တောဦးစီးဌာနမှ  ဆီထမင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း  သိရသည်။

မောင်လွင်