သရက်မြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

သရက် ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်)ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သရက်တပ်နယ်မှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးရခြင်းမှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ပြည်သူများအေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်စေရေး ရာသီဥတု သာယာမျှတစေရေး၊ သစ်ပင်သစ်တောစိုက်ပျိုး ပြုစုထိန်းသိမ်းရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်စေရေးတို့ကို ရည်ရွယ်၍ သစ်ပင်များ စိုက်ပျိုးရခြင်းဖြစ်ကြောင်းပြောကြားပေးခဲ့သည်။

ထို့နောက် သရက်တပ်နယ်မှူးမှ အစိုးရစက်မှုလက်မှု သိပ္ပံ (သရက်) ကျောင်းအုပ်ကြီးထံ ပျိုးပင်များပေးအပ်၍လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းသား/ကျောင်းသူများထံ ပျိုးပင်များပေးအပ်၍လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)မှ လူမှုဝန်ထမ်းဦးစီး ဌာနခရိုင်ဦးစီးမှူးအား ပျိုးပင်များပေးအပ်ခဲ့ကြပြီး ရေတမာ(၁၂၅)ပင်၊ တမာ(၁၂၅)ပင်၊ မဲဇလီ(၇၅)၊ မြန်မာကုက္ကို (၅၅)ပင်၊ ပိတောက်(၁၀၀)ပင်၊ ယင်းမာ(၁၀)ပင်၊ ဖျောက်ဆိပ်(၁၀) ပင်စုစုပေါင်း အပင်(၅၀၀)တို့အား  သရက်တပ်နယ်မှူး၊ ခရိုင်/မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်) ကျောင်းအုပ်ကြီးနှင့် ကျောင်းသား/ကျောင်းသူများက တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)