ပေါင်းတည် ဇူလိုင် ၃
ပြည်ထဲရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အိမ်ယာဝင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်အရေးအသင်းရုံးဝင်းအတွင်းတို့၌ ကျင်းပခဲ့ကြသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာကြသူများနှင့်အတူ ရတနာတန်းဝင်ကျွန်း၊ ကံ့ကော်၊ သပြေ၊ မန်ဂျာရှား၊ ပိတောက်၊ စိန်ပန်း အပင် ၁၇၀ တို့ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)