မော်လမြိုင်ကျွန်း ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်၊ ပြိုကျပျက်စီးသွားသည့် မိသားစုများအား တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း ဆန်၊ ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သစ်တိုဆိပ်ကျေးရွာအုပ်စု၊ ထနီးကျေးရွာ (၂-၇-၂၀၂၄)ရက်နေ့ တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၅) ဦး အတွက်ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးပါ ပုံး(၁)ပုံး၊ တန်ဖိုးငွေကျပ်(၁၀၇,၆၇၈)၊ ဆန်ရိက္ခာ(၇)ရက်စာ ကျပ် (၁၀,၅၀၀) နှင့် အိမ်ဆောက်ပစ္စည်းအတွက် ကျပ် (၁၀၀,၀၀၀) စုစုပေါင်းထောက်ပံ့ရန်ပုံငွေကျပ် (၁၁၀,၅၀၀) တိတိကို လေပြင်းတိုက်ခိုက်၍ နေအိမ်ပြိုကျပျက်စီးနှင့် အမိုးလန်မှုဖြစ်ပွားခဲ့သည့် မိသားစုများအား ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ရပ်/ကျေးစာရေးတို့နှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြာင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)