မြန်အောင်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်း၊ မျိုးစေ့နှင့်Drum-Seeder များပေးအပ်

မြန်အောင် ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဇီးဖြူကုန်းကျေးရွာအုပ်စု၊ မကျီးကွင်းကျေးရွာ တောင်သူဦးညွန့်ဝင်းအောင်နှင့်(၃)ဦးတို့၏လယ်မြေ (၅)ဧကတွင် ယမန်နေ့ နေ့လည်က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) ထည့်သွင်းခြင်း၊ မျိုးစေ့နှင့်Drum-Seeder များ ပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းမင်းစိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်/မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ တက်ရောက်၍ ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်းခြင်းအား ကြည့်ရှုအားပေးခဲ့ကြပြီး၊ မျိုးစေ့နှင့်Drum-Seeder များပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) များအား စိုက်ပျိုးရာသီချိန်အမီ ထည့်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်အောင် (ပြန်/ဆက်)