ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ပေါက်ခေါင်း    ဇူလိုင်     ၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၉ နာရီခွဲက‌ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့တွင်ကျင်းပပြုလုပ်မည့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား(၄)မြို့နယ်နှင့် တက္ကသိုလ်၊ ကောလိပ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် ဌာနဆိုင်ရာများမှ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးနိုင်ရေးတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့မှပူး‌ ပေါင်းဆောင်ရွက်ရေးနှင့်ဇူလိုင်လ ၆ ရက်နေ့တွင် ပြည်မြို့ ကုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီးမှ မျက်စိ၊ သွား၊ အရိုးအကြော၊ ခွဲစိပ်၊ အထွေထွေရောဂါနှင့် မီးယပ်သားဖွား ဆရာဝန်ကြီးများအဖွဲ့မှ ပေါက်ခေါင်းမြို့နယ်သို့ အခမဲ့ ဆေးဝါးကုသပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း‌ ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြဆွေးနွေးကြကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)